Posted by: အချစ်ဘုရင်လေး | 06/23/2009

နာလည်နိုင်ပါစေ


နာလည်နိုင်ပါစေ

ဝင်းပကြည်လင်

လလိုထင်၍

မြင်သူရှု့မဝ

မင်းအလှ

ဘယ်သူစိတ်မခို

မယိုင်ပဲနေနိုင်မှာလဲ

ခြေလှမ်းတစ်လှမ်း

ကုဋေတစ်သန်းတန်

မင်းရဲ့ခြေလှမ်း

လှမ်းလိုက်တိုင်းမှာ

ကုဋေတစ်သန်းထက်

တန်ဖိုးရှိလောက်တယ်

မင်းကိုမြင်ရင်

ငါ့ရဲ့ရင်မှာ

ပြောရခက်တဲ့

ရင်တွင်းစကား

ငါပြောချင်တယ်

မြင်သာမြင်ရ

ချစ်ခွင့်မရတဲ့

ငါ့နှလုံးသားကို

နင်းခြေမယ်ဆို

ငါကျေနပ်စွာခံယူမယ်။

ရင်တွင်းစကားတစ်ခွန်းကို

ပြောခွင်ပြုရင်

ပြောလိုက်ပါမယ်

“မင်းကိုချစ်တယ်”

မင်းကိုချစ်တဲ့

အချစ်ဟာ

ဘယ်အရာနှင့်မျှ

တုနိုင်းမရတဲ့

အချစ်စစ်မျိုးနဲ့ပေါ့

မင်းကိုတမ်းတရင်း

စိတ်ကူးယဉ်ကာ

အတွေးများနဲ့

အချိန်ကုန်ခဲ့တယ်

တုနှိုင်းမရတဲ့

ငါ့အချစ်တွေကို

တစ်နေ့နေ့မှာ

မင်းတစ်ယောက်

သိနိုင်ပါစေ…….။


Responses

  1. လာလည်သွားတယ်ဗျ CBOX မတွေ့လို့ ဒီမှာပဲ အော်လိုက်တယ်
    အဆင်ပြေပါစေဗျာ နော်


Categories

Follow

Get every new post delivered to your Inbox.