Download Liks
Comments Off
Posted in Other Free download
Gtalk တွင်အသုံးပြုများနေသော ပုံများကို စုစည်းပေးထားပါတယ်ခင်ဗျာ
Comments Off
Posted in Other Free download
လွမ်းသံတေး မနွမ်းသေး
ပန်းကလေး သက်သေရှိပါတယ်
ကြင်နာသမျှ ထာဝရ
စာသီရေးဖွဲ့ သီကုံးမယ်
မကွာမဝေး နေရရေး
မောင်လေ၀တ်ပြု ဆုခြွေမယ်
ကြင်နာသမျှ (….)အား
ရှိထားသမျှ ဖွင့်ဆိုမယ်
သစ္စာမပျက် မေတ္တာဖက်
တစ်သုံးမခွဲဖို့မျှော်ရည်ရွယ်….။
Comments Off
Posted in Poems
မုန်းသောသူအား
သည်ပါစပ်ဖြင့်
ချစ်ကျွမ်းဝင်အောင်
လုပ်ဆောင်ခဲ့တယ်သူငယ်ချင်း
ချစ်သောသူအား
သည်ပါစပ်ပင်
မုန်းရိပ်ထင်အောင်
လုပ်ဆောင်ခဲ့တယ်သူငယ်ချင်း
ပါစပ်တစ်ခု ချစ်မှုများစွာ
ပါစပ်တစ်ခု ပြစ်မှုများစွာ
အပြုသဘော အဖျက်သဘော
အမှုပေါင်းစုံတယ်သူငယ်ချင်း
Note…. “နုတ်ချိုပါက…သူကောင်းဖြစ်…။ နုတ်ခါးပါက …. သူယုတ်ဖြစ်”
Comments Off
Posted in Poems
ရင်မှာမြတ်နိုး တိတ်တခိုးကြည့်
မ..မသိပါ
ဒါပေမယ့်
မဟာဆန်သူ မာနထူလို့
မျက်မာန်မုန်းမိုး ဆွေညှိုးရက်တယ်နော်
တွယ်တာရင်ဝှက် နှလုံးသားထက်က
ဦးစွာပွင့်ဖူး ချစ်ပန်းဖူးကို
ပွင့်ချိန်ရောက်မှ နင်းချေချခဲ့တယ်
ရက်စက်လို့လဲ မပစ်ရဲပါဘူး
ရင်မှဖြစ်လာ ပွင့်လွှာတစ်ချပ်
အနင်းလပ်ရင် ထိုတစ်ချပ်ကို
ချစ်ပြနေဦးမှာပါ ………မ ……..ရယ်
တကယ်ဆိုတော့
ရင်မှ ပွင့်ဖူး ချစ်ပန်းဖူးသည်
ရင်မှာတစ်သက်
မချွေရက်စွာ
အချစ်သစ္စာ
ပွင့်လို့လာတဲ့
မ………အတွက့်သက်သက်ပါပဲ………
Comments Off
Posted in Poems
ချစ်သူ့ဘ၀ ပျော်ရွှင်ရတယ်
ရင်မှာပီတိ ကြည်နူးမိရ
နှစ်လွှာဆက်မှ တစ်ရွက်ရတဲ့
စွယ်တော်ရွက်လေး ဖြစ်ချင်ပါတယ်
ဒို့တတွေက…ချစ်သူတွေနော် ရည်စားမဟုတ်ဘူး
ခုတွေ့ခုမြင် မချစ်ချင်ဘူး
ခုတွဲခုဖြုတ် ဒို့မလုပ်နိုင်
အသည်းငယ်ငယ် ပိုင်ထားသူမို့
သူ့ရင်မှသိ ထင်စွဲငြိစေ
ဒို့တတွေက…ချစ်သူတွေနော် ရည်စားမဟုတ်ဘူး
ဒီကဗျာနှင့် ဒီစာသားသည်
နှလုံးသားမှ ဆင်းသက်လာရသလို
ရင်နှင့်အမျှ ရေးဖွဲ့ရတာ
သူနားလည်ကာ ခံစား၍ ရနိုင်ပါစေ
ဆုအထွေထွေ ဆောင်းကာနေလျှက်
ဒီကဗျာလေးအားဆုံးစေသား
Comments Off
Posted in Poems
ကြည့်ချင်ပါလျက် အကြည့်ခက်ခဲ
မကြည့်ရဲပါ ချစ်နေပါလဲ
ရင်မှာကွယ်ဝှက် နေရခက်တယ် မေရယ်
တိတ်တိတ်လေးသာ ရင်ခုန်ပါလျှင်
အင်တာနက်လို တစ်ဆင့်ပို့လို့
ချစ်တဲ့မေသာ သိခဲ့ပါလျှင်
ရင်မှာပျော်မြူး အချစ်ဦးကို
ကိုယ်ကိုတိုင်က ချစ်ပြချင်တယ်
ဒါတကယ်တော့ အိမ်မက်ပေါ့…မေရယ်
လက်တွေ့ဘ၀ ခွင့်မရတဲ့
ဒီလိုဘ၀ ရင်နင့်ရခဲ့
ရင်မှတိတ်တခိုး အချစ်တိုးလဲ
မေမှမသိရဘဲမေရယ်
တိတ်တခိုးလေး ကြည့်ချင်သေးတယ်
တိတ်တခိုးလေး ချစ်ချင်သေးတယ်
နားလည်ပေးပါမေရယ်
Comments Off
Posted in Poems
Comments Off
Posted in Poems
သူတို့တွေဝေဖန်သွားကြပါတယ်