Mhone Gyi & Khin Nan Htike San


သင်္ကြန်မှာ မြူးမြူးလေးနားထောင်ရအောင် သီချင်းအသစ်တွေဖြစ်ပါတယ်။

Simple အဖြစ်ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်

အားလုံးကြိုက်မယ်လို့ယုံကြည်ပါတယ်။

၁။ မှုံကြီးစတိုင် – မှုံကြီး –

၂။ ငါလူရှုပ် – ခင်နန်းထိုက်စံ

ပန်းကလေး


ကြွေမသွားပါနဲ့၊ပန်းကလေးရယ်

မင်းရဲ့အလှကို၊လူတကာခူးချင်ကြပေမယ့်

မခူးရက်မခြွေရက်တာကဥယျာဉ်မှုးဘ၀ပါ

တစ်နေ့တစ်သွင်၊အလှရှင်မို့

ပေါင်းလောင်းခုတ်ရှင်း၊နေခြည်သစ်မှာ

ယိမ်းနွဲကာလှုပ်၊မင်းအလှကို

အန္တရယ်မကျဘေးမခရအောင်

ငါ့မေတ္တာဖြင့်လွှမ်းခြုံပေးမည်

ဒါပေမယ့်လည်း….

မတည်မြဲခြင်းသင်္ခါရကြောင့်

ကြွေသွားရင်လည်း၊မင်းအလှကို

နွေးထွေးသောရင်ပြင်၊နှလုံးသားစုတ်ချက်မှာ

စိတ်ကူးပုံဖေါ်ရင်း၊သတိရတဲ့အခါ

လွမ်းဆွတ်မှုနဲ့ငါပြန်ကြည့်မယ်

ပန်းခြောက်လေးဖြစ်ခဲ့ရင်တော့

မင်းရဲ့ရနံ့တွေဟာငါ့နှလုံးသားထဲ

ထာဝရရှင်သန်နေမှာမို့

ငါ့နှလုံးသားအပြင်အဘယ်သူကသိနိုင်မှာလည်းပန်းကလေးရယ်။

ကဗျာတို(အပိုင်း-၁)


 

မျက်လုံးချင်ဆုံ

ရွှေရင်ခုန်လို့

မလုံမလဲ

မျက်နှာလွှဲလည်း

အမြဲတမ်းတော့ မြင်ချင်တယ်

———————————-**————————————— Continue reading “ကဗျာတို(အပိုင်း-၁)”

songs-1


သီချင်းများဒေါင်းလုပ်ဆွဲနိုင်ရန်အတွက့် တင်ပေးခြင်းဖြစ်ပါသည်

ချစ်ကံဆိုး တေးဆို – ညီရဲ + ကြိုးကြာ

လမ်းမခွဲကြေး အေသင်ချို ဆွေ + သြရသ

ကောင်မလေး တေးဆို – နေမျိုး

ချစ်သူရဲ့ ပုံပြင် တေးဆို- A နွန်

 

မခွဲတစ်သက် အဆက်ဆက်


မခွဲတစ်သက် အဆက်ဆက်

လွမ်းသံတေး              မနွမ်းသေး

ပန်းကလေး               သက်သေရှိပါတယ်

ကြင်နာသမျှ               ထာဝရ

စာသီရေးဖွဲ့               သီကုံးမယ်

မကွာမဝေး                နေရရေး

မောင်လေ၀တ်ပြု         ဆုခြွေမယ်

ကြင်နာသမျှ               (….)အား

ရှိထားသမျှ                ဖွင့်ဆိုမယ်

သစ္စာမပျက်               မေတ္တာဖက်

တစ်သုံးမခွဲဖို့မျှော်ရည်ရွယ်….။

ပါစပ်


ပါစပ်

မုန်းသောသူအား

သည်ပါစပ်ဖြင့်

ချစ်ကျွမ်းဝင်အောင်

လုပ်ဆောင်ခဲ့တယ်သူငယ်ချင်း

ချစ်သောသူအား

သည်ပါစပ်ပင်

မုန်းရိပ်ထင်အောင်

လုပ်ဆောင်ခဲ့တယ်သူငယ်ချင်း

ပါစပ်တစ်ခု ချစ်မှုများစွာ

ပါစပ်တစ်ခု ပြစ်မှုများစွာ

အပြုသဘော အဖျက်သဘော

အမှုပေါင်းစုံတယ်သူငယ်ချင်း

Note…. “နုတ်ချိုပါက…သူကောင်းဖြစ်…။ နုတ်ခါးပါက …. သူယုတ်ဖြစ်”