ပါစပ်


ပါစပ်

မုန်းသောသူအား

သည်ပါစပ်ဖြင့်

ချစ်ကျွမ်းဝင်အောင်

လုပ်ဆောင်ခဲ့တယ်သူငယ်ချင်း

ချစ်သောသူအား

သည်ပါစပ်ပင်

မုန်းရိပ်ထင်အောင်

လုပ်ဆောင်ခဲ့တယ်သူငယ်ချင်း

ပါစပ်တစ်ခု ချစ်မှုများစွာ

ပါစပ်တစ်ခု ပြစ်မှုများစွာ

အပြုသဘော အဖျက်သဘော

အမှုပေါင်းစုံတယ်သူငယ်ချင်း

Note…. “နုတ်ချိုပါက…သူကောင်းဖြစ်…။ နုတ်ခါးပါက …. သူယုတ်ဖြစ်”