နင်းချေရက်ပေမဲ့


နင်းချေရက်ပေမဲ့

ရင်မှာမြတ်နိုး တိတ်တခိုးကြည့်

မ..မသိပါ

ဒါပေမယ့်

မဟာဆန်သူ မာနထူလို့

မျက်မာန်မုန်းမိုး ဆွေညှိုးရက်တယ်နော်

တွယ်တာရင်ဝှက် နှလုံးသားထက်က

ဦးစွာပွင့်ဖူး ချစ်ပန်းဖူးကို

ပွင့်ချိန်ရောက်မှ နင်းချေချခဲ့တယ်

ရက်စက်လို့လဲ မပစ်ရဲပါဘူး

ရင်မှဖြစ်လာ ပွင့်လွှာတစ်ချပ်

အနင်းလပ်ရင်  ထိုတစ်ချပ်ကို

ချစ်ပြနေဦးမှာပါ ………မ ……..ရယ်

တကယ်ဆိုတော့

ရင်မှ ပွင့်ဖူး ချစ်ပန်းဖူးသည်

ရင်မှာတစ်သက်

မချွေရက်စွာ

အချစ်သစ္စာ

ပွင့်လို့လာတဲ့

မ………အတွက့်သက်သက်ပါပဲ………

 

 

လွမ်းလို့


လွမ်းလို့

  • ဝေးနေရာမှ လွမ်းနေရသော
  • မောင့်သဘောကို ကဗျာတိုဖြင့်
  • စာဆိုဆင့်ကာ ပေးပို့ပါတယ်
  • မေလေးလွမ်းပြေ နေကောင်းစေလို့
  • ဆုတောင်းပြုကာ လွမ်းနေပါတယ်
  • လိပ်ပြာငယ်လေးပျံနိုင်ရေးအတွက်
  • အင်အားတစ်ခု အရင်းပြုကာ
  • အလွမ်းရင်ပိုက် နှင်လိုက်ချင်တယ်
  • မေ့ရင်ခွင်နီး နားခိုမှီချိန်
  • ချွေးစို့သူကို ချော့မြူမှာလား….ဟင်
  • ဒါမှမဟုတ်
  • လွမ်းနေသူကို သနားပိုလို့
  • ဝေးနေရာပြန်လို့လာ၍
  • ချစ်ခွန်းဖွဲ့သီ စကားချီနဲ့
  • အနားမှာပဲ ချစ်မှာပဲလို့
  • တစ်ခွန်းစကား ပြောကြားမှာလား….ဟင်