မခွဲတစ်သက် အဆက်ဆက်
လွမ်းသံတေး မနွမ်းသေး
ပန်းကလေး သက်သေရှိပါတယ်
ကြင်နာသမျှ ထာဝရ
စာသီရေးဖွဲ့ သီကုံးမယ်
မကွာမဝေး နေရရေး
မောင်လေ၀တ်ပြု ဆုခြွေမယ်
ကြင်နာသမျှ (….)အား
ရှိထားသမျှ ဖွင့်ဆိုမယ်
သစ္စာမပျက် မေတ္တာဖက်
တစ်သုံးမခွဲဖို့မျှော်ရည်ရွယ်….။
လွမ်းသံတေး မနွမ်းသေး
ပန်းကလေး သက်သေရှိပါတယ်
ကြင်နာသမျှ ထာဝရ
စာသီရေးဖွဲ့ သီကုံးမယ်
မကွာမဝေး နေရရေး
မောင်လေ၀တ်ပြု ဆုခြွေမယ်
ကြင်နာသမျှ (….)အား
ရှိထားသမျှ ဖွင့်ဆိုမယ်
သစ္စာမပျက် မေတ္တာဖက်
တစ်သုံးမခွဲဖို့မျှော်ရည်ရွယ်….။
မုန်းသောသူအား
သည်ပါစပ်ဖြင့်
ချစ်ကျွမ်းဝင်အောင်
လုပ်ဆောင်ခဲ့တယ်သူငယ်ချင်း
ချစ်သောသူအား
သည်ပါစပ်ပင်
မုန်းရိပ်ထင်အောင်
လုပ်ဆောင်ခဲ့တယ်သူငယ်ချင်း
ပါစပ်တစ်ခု ချစ်မှုများစွာ
ပါစပ်တစ်ခု ပြစ်မှုများစွာ
အပြုသဘော အဖျက်သဘော
အမှုပေါင်းစုံတယ်သူငယ်ချင်း
Note…. “နုတ်ချိုပါက…သူကောင်းဖြစ်…။ နုတ်ခါးပါက …. သူယုတ်ဖြစ်”